သိထားပီးသူများအတွက်ဘာမှမဟုတ်လောက်ပေမဲ့ မသိသေးသူများအတွက်တော့ အသုံးတည့်ရင်တည့်နိုင်ပါတယ် Wireless Router ကလွှင့်ထားတဲ့ Wifi ကို သုံးမယ်ဆိုရင် နီးလေကောင်းလေပါပဲ နည်းနည်းဝေးသွားတာနဲ့ connection ကျသွားတတ်ပါတယ် ။ ခု Outdoor CPE နဲ့ Wireless Router နဲ ချိတ်ဆက် အသုံးပြုမယ်ဆိုရင် တော့ ပိုမိုကောင်းမွန်ပါတယ် Local Network အသုံးပြုရသလိုပါပဲ၊ CPE to CPE ချိတ်ဆက်အသုံးပြုမှသာ အဆင်ပြေနိုင်တယ်လို့တစ်ချို့ကသိထားပါ တယ် ဟုတ်ပါတယ် အရမ်းကွာဝေးတယ်ဆိုရင်တော့ဟုတ်ပါတယ်။ Wireless Router နဲ့ မလှမ်းမကမ်းဖြစ်နေတဲ့အနေအထားမျိုး မိမိစက်နဲ့မမိတမိဖြစ်နေတယ်ဆိုရင်တော့ CPE သုံးပီး လိုင်းကောင်းကောင်းသုံးလို့ရပါတယ် နောက်ပီး Network Switch သုံးပီး Wireless Network Card မရှိတဲ့စက်တွေပါ LAN ကြိုးကို Switch မှာ ထိုးလိုက်ရုံနဲ့ Internet access ရပါပီ စက်တစ်လုံးထက်ပိုပြီးသုံးနိုင်တယ်လို့ပြောတာပါ ခုကျွန်တော်ဆို အဲ့ဒီလိုချိတ်ဆက်ထားပါတယ် Router နဲ့ဆို ပေ ၅၀၀ လောက်ဝေးတဲ့အကွာအဝေးမှာပါ လိုင်းကောင်းတဲ့အချိန်ဆို Download Speed 220kbs ကျော်ကျော်အထိ ရပါတယ် စက် ၂ လုံး သုံးတာပါ ... :D ဒါကကြွားတာနှော် ဘယ်လိုချိတ်ဆက်ရမှာလဲဆိုတာတော့အောက်မှာသာဆက်ဖတ်ကြည့်ပါလွယ်ကူပါတယ် ကိုယ်က Wifi Password သိထားဖို့လိုတာပေါ့နှော် :D
လိုအပ်တဲ့ပစ္စည်းကတော့ Outedoor CPE တစ်ခုပါပဲ Switch တွေဘာတွေကတော့လိုအပ်မှသုံးပေါ့
ပထမဆုံး Wireless Router ရှိတဲ့ဘက်နဲ့ CPE ကို မျက်နှာခြင်းဆိုင်ထားပါ ကြားထဲမှာ သစ်ပင်တွေအများကြီးရှိမနေဖို့တော့သတိထားပါ ဒါကအရေးကြီးပါတယ်
ကွန်ပျူတာနဲ့ CPE ကို LAN ကြိုးနဲ့ချိတ်ဆက်ထားပါ ပီးတော့ မိမိအသုံးပြုနေတဲ့ Explorer တစ်ခုခုကို ဖွင့်လိုက်ပါ CPE တွေရဲ Default IP ကတော့ 192.168.1.254 ပါ အဲ့ဒါကို address bar မှာရိုက်ထည့်လိုက်ပါ သြော်နဲနဲလောသွားတယ် ပထမဆုံးမိမိစက်မှာ Local Area Connection မှာ IP Address တွေကို Manual နဲ့ ပေးထားတယ်ဆိုရင် အကုန်လုံးကို Obtain တွေပြန်ထားလိုက်ပါ အဲ့ဒါပီးမှ CPE ရဲ့ IP ကို IE မှာ ရိုက်ထည့်လိုက်မှ Log on Box ကျလာမှာပါ ဘာဖြစ်လို့အဲ့ဒီလို IP ကို Obtain ထားရတာလဲဆိုတော့ CPE ရဲ့ IP နဲ့ မိမိပေးထားတဲ့စက်ရဲ့ IP နဲ့ IP Class ချင်းမတူရင် ပွင့်လာမှာမဟုတ်လို့ပါ IP Change တာတော့သိတယ်မဟုတ်လား RUN Box ကနေ ncpa.cpl ခေါ်လိုက်ပေါ့..... ဆက်လိုက်ပါဦးမယ် အဲဒီလို Log on box ကျလာပီဆိုရင် user name နဲ့ Password တောင်းပါလိမ့်မယ် Default User Name & Password ကတော့ " admin " ပါ ရိုက်ထည့်ပီးသွားပီဆိုရင် CPE setting တွေကို ချိန်ညှိလို့ရပါပီ .. ပထမဆုံး Operation Mod မှာ AP ကိုထားပါမယ် Save လိုက်ပါ အောက်ကပုံမှာကြည့်လိုက်ပါ
နောက် Wireless >>> Wireless mod ကိုသွားပါမယ် Survey ကို နှိပ်လိုက်ပါ အနီးအနားဝန်းကျင်မှာ ရှိတဲ့ Wireless Line တွေ ပေါ်လာပါလိပ်မယ့် မိမိချိတ်ဆက်လိုတဲ့ လိုင်းကို Connect လုပ်လိုက်ပါ အရေးကြီးတာတစ်ခုရှိပါတယ် မိမိချိတ်ဆက်မဲ့လိုင်းရဲ Signal မှာ အနည်း 10 or 12 dB လောက်ရှိမှ အဆင်ပြေမှာဖြစ်ပါတယ် အောက်ပါပုံမှာ ကြည့်လိုက်ပါ
Connect လုပ်ပီးပြီးဆိုရင်အောက်ပါပုံအတိုင်း Wireless mod ထဲမှာ Client မှာ Check လုပ်ထားပီး မိမိချိတ်ဆက်ထားတဲ့ SSID နဲ့ MAC Address တွေပေါ်နေတာကိုတွေ့ရမှာ ပါ ဒါပေမယ့် Network access ရရှိခြင်းမဟုတ်သေးပါဘူး Save လုပ်လိုက်ပါ Reload တောင်းပါလိပ်မယ် လုပ်ပေးလိုက်ပါ
Save လုပ်ပီးသွားပီဆိုရင် Security Settings ကို သွားလိုက်ပါ မိမိချိတ်ဆက်လိုက်တဲ့ လိုင်းရဲ့ Security Type (WEP or WPA) နဲ့ Password ကို ထည့်ပေးရမှာပါ ပီးရင် Save လုပ်ပေးလိုက်ပါ
ကွန်ပျူတာရဲ့ IP address ကို obtain ပြောင်းလိုက်ပါ ပြောင်းပီးသားဆိုရင် Connection ကို Disable / Enabled လုပ်ပေးလိုက်ပါ Local area Connection မှာ Inter Access ရလာပါလိပ်မယ်
ဒါဆိုရင်တော့ ချိတ်ဆက်မှုအားလုံးပြီးပီလို့ဆိုနိုင်ပါတယ် အရေးကြီးတာကတော့ IP Address တွေပဲနှော်
ဟိုဘက်က သုံးထားတဲ့ IP Class ကို CPE မှာ Chain ပီးမှသုံးရမှာနှော် IP Class ခြင်းတူဘို့အရေးကြီးတယ် ဟိုဘက်က Router ရဲ့ IP က ဘာလဲဆိုတာတော့ သိထားဘို့လိုတယ်နှော် ဒါမှ Internet Connection ရမှာနှော် ဟိုဘက် က IP က ဘယ် Class ထဲ ကလဲဆိုတာကိုသိဘို့ကတော့ WireLess Connection သုံးနေတဲ့အချိန်မှာ cmd ကနေပီးတော့
ipconfig /all လို့ ရိုက်ထည့်ပီးတော့ ပေါ်လာတာတွေကိုကြည့်လိုက်ပါ ဘယ် IP လဲဆိုတာသိရပါလိပ်မယ်
နောက်ဆုံးအနေနဲ့ မိမိ Computer ရဲ့ Local area Connection မှာ တော့ IP address ပေးချင်တယ်ဆိုရင် Class တူအောင်ထားပေးပါ မရဘူးဆိုရင်တော့ Obtain သာ ထားလိုက်ပါ အဆင်ပြေသွားပါလိပ်မယ်
ကျွန်တော့ကတော့ Obtain ပဲ ထားတယ်ဗျ ဒါပဲအဆင်ပြေတယ် DHCP က သူ့ဘာသာသူချပေးသွားတာလေ :D
အားလုံးပီး လို့ Local Area Connection Icon လေးမှာ အင်တာနက် access မရသေးဘူးဆိုရင် ncpa.cpl ရိုက်ထည့်ပီး Local Area Connection ကို Disable / Enabled လုပ်ပေးလိုက်ပါ ဒါမှမရရင်တော့ ဟိုဘက် Router ကကို Internet Access မရတာဖြစ်နိုင်ပါတယ်
စာအရေးသားနည်းတာမို့ သိပ်မရေးတတ်ဘူးခင်ဗျ ကျေးဇူးပြုပီးသည်းခံပီးသာဖတ်ပေးပါ :D
Mg Kaung (PKG)
ကျွန်တော်စုဆည်းထားသည်များအား Download လွယ်ကူစေရန် ပြန်လည် Upload ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ် အချိန်မရွေး Link သေသွားနိုင်ပါသဖြင့် Download အဆင်မပြေပါက အသိပေးနိုင်ပါတယ်
Thursday, October 24, 2013
Monday, October 21, 2013
Viber PC Version Installer ပါ
ကွန်ပျူတာမှာ အင်စတောလုပ်ပီး activate ပီးတဲ့အချိန်ထိ Phone ကို အင်တာနက်ဖွင့်ထားရပါမယ်
မိမိဖုန်းဆီကိုပို့လာ Activate Code ၄ လုံးကို ရိုက်ထည့်ပီးတဲ့အခါမှာ ကွန်ပျူတာနဲ့အသုံးပြုနိုင်ပါပီ
http://www.mediafire.com/?okhu2cznlov2pc1 မှာဒေါင်းလိုက်ပါ
မိမိဖုန်းဆီကိုပို့လာ Activate Code ၄ လုံးကို ရိုက်ထည့်ပီးတဲ့အခါမှာ ကွန်ပျူတာနဲ့အသုံးပြုနိုင်ပါပီ
http://www.mediafire.com/?okhu2cznlov2pc1 မှာဒေါင်းလိုက်ပါ
Mobile App တွေကို PC ကနေတိုက်ရိုက် Download လုပ်ပေးမဲ့ PC Version .exe လေးပါ
Mobile Applications တွေကို ဖုန်းနဲ့ဒေါင်းမယ်ဆိုရင်အချိန်ကြာတတ်ပါတယ်
ခုဒီ Application လေးနဲ့ Mobile App တွေကို တိုက်ရိုက်ဒေါင်းနိုင်မယ့်အပြင်
မိမိဖုန်းကို တစ်ခါတည်း Manage လုပ်နိုင်ပါတယ် အသုံးပြုပုံကလည်းလွယ်ကူပါတယ်
အသုံးပြုနေစဉ်အချိန်မှာတော့ မိမိဖုန်းကို ကွန်ပျူတာနဲ့ Wifi (or) Usb Connect လုပ်ထားရပါမယ်
အဆင်ပြေပါစေ. စိတ်ဝင်စားပါက ဒီလင့်ခမှာ ဒေါင်းနိုင်ပါတယ်
ခုဒီ Application လေးနဲ့ Mobile App တွေကို တိုက်ရိုက်ဒေါင်းနိုင်မယ့်အပြင်
မိမိဖုန်းကို တစ်ခါတည်း Manage လုပ်နိုင်ပါတယ် အသုံးပြုပုံကလည်းလွယ်ကူပါတယ်
အသုံးပြုနေစဉ်အချိန်မှာတော့ မိမိဖုန်းကို ကွန်ပျူတာနဲ့ Wifi (or) Usb Connect လုပ်ထားရပါမယ်
အဆင်ပြေပါစေ. စိတ်ဝင်စားပါက ဒီလင့်ခမှာ ဒေါင်းနိုင်ပါတယ်
Sunday, October 20, 2013
ကွန်ပျူတာအမေးအဖြေ
ကွန်ပျူတာအမေးအဖြေစာအုပ်လေးပါ
စတင်လေ့လာသူများအတွက်တော်တော်လေးစုံလင်ပါတယ်
http://www.mediafire.com/?3z667m46d09eeas မှာဒေါင်းနိုင်ပါတယ်
:)
စတင်လေ့လာသူများအတွက်တော်တော်လေးစုံလင်ပါတယ်
http://www.mediafire.com/?3z667m46d09eeas မှာဒေါင်းနိုင်ပါတယ်
:)
Mobile မျိုးစုံ Root လုပ်နည်း
မိုဘိုင်းမျိုးစုံ root လုပ်နည်းနှင့်အခြေခံလိုအပ်ချက်များ
အာကာဖြိုး (နည်းပညာ) မျှဝေးထားတာဖြစ်ပါတယ်
http://www.mediafire.com/?adh9di043pv9dtr
မှာ ဒေါင်းလိုက်ပါ
အာကာဖြိုး (နည်းပညာ) မျှဝေးထားတာဖြစ်ပါတယ်
http://www.mediafire.com/?adh9di043pv9dtr
မှာ ဒေါင်းလိုက်ပါ
Friday, October 18, 2013
Learning AutoCad 2010
AutoCad 2010 မြန်မာလိုရေးသားထားတာပါ
ပထမပိုင်းနှင့် ဒုတိယပိုင်း နှစ်ပိုင်းပါဝင်တယ်
စာအုပ်ကောင်းတစ်အုပ်ပါ
Volume 1 ကို ဒီမှာဒေါင်းနိုင်ပါတယ်
Volume 2 ကို ဒီမှာ ဒေါင်းပါ
ပထမပိုင်းနှင့် ဒုတိယပိုင်း နှစ်ပိုင်းပါဝင်တယ်
စာအုပ်ကောင်းတစ်အုပ်ပါ
Volume 1 ကို ဒီမှာဒေါင်းနိုင်ပါတယ်
Volume 2 ကို ဒီမှာ ဒေါင်းပါ
Thursday, October 17, 2013
Microsoft Window Server 2008
Microsoft Window Server 2008 အသုံးပြုနည်းစာအုပ်ပါ
ဆရာဦးဇော်လင်း (Youth) ရေးသားထားတာပါ
ဒီလင့်မှာဒေါင်းနိုင်ပါတယ်...
ဆရာဦးဇော်လင်း (Youth) ရေးသားထားတာပါ
ဒီလင့်မှာဒေါင်းနိုင်ပါတယ်...
Complete Network Guide (မြန်မာလို)
Network ပိုင်းဆိုင်ရာ လေ့လာနေသူများအတွက်
စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်
ဆရာဦးဇော်လင်း (Youth) ရေးသားထားတာပါ
ဒီလင့်မှာ ဒေါင်းနိုင်ပါတယ်...
စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်
ဆရာဦးဇော်လင်း (Youth) ရေးသားထားတာပါ
ဒီလင့်မှာ ဒေါင်းနိုင်ပါတယ်...
Subscribe to:
Posts (Atom)